Saturday, May 23, 2015





အဖေဆုံးတဲ့နှစ်မှာ သူ(၁ဝ)နှစ်၊ မောင်လေး(၈)နှစ်

ဘဝက ဖြည်းဖြည်းချင်းစဆွဲခဲ့တဲ့ပန်းချီကားတစ်ချပ်လို လှပတဲ့အရောင်လေးတွေ ခြယ်မှုန်းနေချိန်မှာ ရုတ်တရက် မိုးရေတွေနဲ့အပက်ခံလိုက်ရတယ်။ သူ့ဘဝထဲက ပျော်ရွှင်ခြင်း၊ တည်ငြိမ်ခြင်းတွေဟာ ပျက်စီးသွားတဲ့ ဆေးရောင်ခြယ်ပန်းချီကားလေးလို ဆိတ်သုန်းပျောက်ဆုံးကုန်ခဲ့ရတယ်။

အဖေဆုံးပြီးတဲ့နောက် အရင်ကသိမ်မွေ့နူးညံ့ခဲ့တဲ့အမေဟာ လုံးဝပြောင်းလဲသွားခဲ့တယ်။ အမေ စိတ်တိုဒေါသထွက်လွယ်ခဲ့တယ်။ ပန်းကန်လေးတစ်လုံး မတော်တဆ လွတ်ကျကွဲသွားတာနဲ့ အမေဟာ သူ့ကို ဆူလို့ဆဲလို့မပြီးနိုင်တော့ဘူး။ အဲဒီအချိန်ကစပြီး အမေ့အသံကို သူမုန်းခဲ့တယ်။ သေးငယ်စူးရှတဲ့အမေ့အသံက သူ့နားထဲ ရက်ရက်စက်စက်တိုးဝင်ပြီး သူ့ဘဝထဲအထိဝင်ရောက်ခဲ့တယ်။ အရင်က သိမ်မွေ့နူးညံတဲ့ အမေ့အသံဟာ ဘာဖြစ်လို့ ရုတ်တရက် ဒီလိုပြောင်းလဲသွားမှန်း သူ မတွေးတတ်ခဲ့ဘူး။

အဲဒီတုန်းက အမေအသက်(၃ဝ)လောက်ပဲရှိဦးမယ်။ ရင့်ကျက်ပြည့်ဖြိုးတဲ့ ပန်းတစ်ပွင့်လို အမေကိုခူးဆွတ်ချင်သူတွေများခဲ့တယ်။ ဒါပေမယ့် စကားလာခင်းသူတွေကို အမေဆဲလွတ်လိုက်တာချည်းပဲ။ အမေဟာ ဆူးထောင်ထားတဲ့ ဖြူးကောင်တစ်ကောင်လို အနားကပ်လာသူမှန်သမျှကို ဆူးနဲ့လိုက်စူးပြီး မောင်လေးနဲ့သူ့ကို ကာကွယ်ခဲ့တယ်။

စားဝတ်နေရေးအတွက် ဈေးထဲမှာ နေရာတစ်ခုရှာပြီး အမေဈေးရောင်းခဲ့တယ်။ မနက်(၄)နာရီထိုးတာနဲ့ အိပ်ရာကထ လိုင်းကားနဲ့ မြောက်အရပ်ကနေ တောင်အရပ်မှာရှိတဲ့ လက်ကားဈေးကို အမေသွားတယ်။ ဒီလမ်းခရီးက မြို့ကိုတစ်ပတ်ပတ်တာနဲ့ တူတယ်။ လေဒဏ်၊ မိုးဒဏ်ကြောင့် ပြည့်တင်းနေတဲ့ အမေခန္ဓာကိုယ်ဟာ နေလှန်းထားတဲ့သစ်သီးခြောက်လို ပိန်လှီခဲ့ရတယ်။

(၁၆)နှစ်အရွယ်မှာ သူဟာအေးဆေးတည်ငြိမ်တဲ့ မိန်းမပျိုလေးဖြစ်ခဲ့တယ်။ အထက်တန်းကျောင်း တက်နေပြီး စာတော်တယ်။ နေ့လယ်နေ့ခင်း ကျောင်းဆင်းချိန်မှာ အိမ်ကိုအပြေးပြန်လာပြီး ထမင်းဟင်းတွေ သူချက်ခဲ့တယ်။ ပြီးရင် လမ်းအသွယ်သွယ်ကိုဖြတ်ပြီး အမေအတွက် သူထမင်းချိုင့်ပို့တယ်။ ဆူညံနေတဲ့ဈေးထဲရောက်တိုင်း အမေက ထမင်းကိုတစ်ဘက်က ပလုပ်ပလောင်းစားရင်း၊ တစ်ဘက်က ဈေးဝယ်တွေနဲ့ ဈေးညှိနေတာကိုပဲ သူမြင်ခဲ့ရတယ်။

တစ်ခါတုန်းက ဈေးနားအရောက်မှာ လူတစ်ယောက်နဲ့ အမေရန်ဖြစ်နေတာကို သူတွေ့လိုက်တယ်။ အမေရဲ့စူးရှထက်မြက်တဲ့အသံက အဝေးကနေ သူ့နားစည်ကို အားနဲ့ဝင်ဝင်ဆောင့်တယ်။ အမေနဲ့ရန်ဖြစ်တဲ့ ဝဝပုပုအမျိုးသမီးက အမေ့ကိုမနိုင်တော့ သူ့ယောက်ျားကို စစ်ကူတောင်းတယ်။ ယောက်ျားလုပ်သူက အမေကိုရိုက်ဖို့ ရွယ်တယ်။ အမေ့မျက်နှာပေါ်က တံထွေးနဲ့ မျက်ရည်စတွေကို သူထင်ထင်ရှားရှား တွေ့ခဲ့ရတယ်။ ဒါတွေဟာ ငယ်ရွယ်နုပျိုတဲ့သူ့နှလုံးသားကို စွတ်စိုစေခဲ့တယ်။

——

အသက်(၂၂)နှစ်မှာ သူကျောင်းပြီးတယ်။ ကျောင်းဆက်တက်နိုင်တဲ့အရည်အချင်း သူ့မှာရှိပေမယ့် မောင်လေးအတွက်နဲ့ တစ်နေ့တစ်ခြားပိန်လှီလာတဲ့ အမေ့ခန္ဓာကိုယ်ကြောင့် ရှေ့ဆက်ပညာသင်ရေးကို သူလက်လွတ်ခဲ့တယ်။

ပထမဆုံးရတဲ့လစာငွေကို အမေ့လက်ထဲသူအပ်တော့ ကြမ်းတမ်းတဲ့အမေ့လက်တွေက လိပ်ပြာတောင်ပံတွေလို တုန်ယင်နေခဲ့တယ်။ အမေ့ကို သူငေးမောကြည့်ရင်း အသံနိမ့်ပြောလိုက်တယ်။

“အမေ…. နောက်ဆို ဈေးသွားမရောင်းပါနဲ့တော့”

သူ့စကားကြားတော့ အမေရယ်တယ်။ အမေရယ်သံတွေက စူးရှမနေတော့ဘဲ ခပ်အက်အက်ဖြစ်နေတယ်။ အမေ့အသံထဲမှာ ပင်ပန်းဆင်းရဲသံ၊ အိုမင်းရင့်ရော်သံတွေနဲ့ ပြည့်နေခဲ့တယ်။ နောက်တစ်နေ့မနက် ဈေးထဲမှာ အမေကို သူသွားရှာခဲ့တယ်။ အဝေးကြီးကနေ အမေရဲ့ကြည်လင်တဲ့အသံကို သူကြားနေရတယ်။

“ဟဲ့… ငါ့သမီး တက္ကသိုလ်က ဘွဲ့ရခဲ့ပြီသိလား၊ နိုင်ငံခြားကလာဖွင့်ထားတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်နေတယ်….”

အမေ့စကားထဲကနေ ဂုဏ်ယူဝင့်ကြွားသံကို သူကြားလိုက်ရတယ်။

—-

အသက်(၂၈)နှစ်မှာ သမီးလေးတစ်ယောက်ကို သူမွေးဖွားခဲ့တယ်။ လမပြည့်သေးတဲ့ကလေးက ညတိုင်းမိုးလင်းပေါက်ထိ ငိုတယ်။ တစ်ညလုံး အမေမအိပ်ဘဲ ကလေးကိုချော့ခဲ့တယ်။ တစ်ညမှာ အိပ်မက်ကနေ သူယောင်ရမ်းနိုးလာချိန် ကလေးကိုချော့သိပ်နေတဲ့ အမေ့သီချင်းသံကို သူရုတ်တရက် ကြားလိုက်မိတယ်။ ပျော့ပျောင်းညင်သာတဲ့ အမေ့အသံကြောင့် မျက်စိမဖွင့်ဘဲ သူငြိမ်ငြိမ်လေးနားထောင်ခဲ့တယ်။

ပုခက်လွှဲတေးသံလေးပါလား…
(၁၈)နှစ်ဆိုတဲ့အချိန်က နောက်ပြန်စီးသွားခဲ့သလိုပဲ.. နားဝင်ချိုသိမ်မွေ့တဲ့ အမေ့တေးသံလေးထဲ သူစီးမျောသွားခဲ့တယ်။ မျက်လုံးအိမ်ထဲ ပြည့်လျံလာတဲ့မျက်ရည်တွေ အပြင်ကိုစီးမကျခင် စောင်နဲ့သူဆွဲအုပ်လိုက်မိတယ်။
နောက်ဆုံးမှာ အမေ့အသံကို သူရှာတွေ့ခဲ့ပါတယ်….
ဟိုတစ်ချိန်တုန်းက သူ့ဘဝမှာ ပျောက်ကွယ်သွားခဲ့ပြီထင်တဲ့အမေ့ကို သူပြန်ရခဲ့ပါတယ်။

ဒါပေမယ့် ပျော်ရွှင်ချမ်းမြေ့တဲ့အချိန်တွေက တိုတောင်းလွန်းခဲ့တယ်။

အဲဒီနေ့မနက်(၇)နာရီမှာ အမေက ထမင်းဟင်းချက်ပြီး သူ့ကိုအိပ်ရာထဖို့ လာနှိုးတယ်။ မနက်(၈)နာရီမှာ သူအလုပ်သွားတော့ အမေက မြေးလေးနဲ့ဆော့ကစား ကျန်ရစ်ခဲ့တယ်။ (၁ဝ)နာရီမှာ ဆေးရုံကို အရေးတကြီး သူရောက်သွားခဲ့တယ်။ လူနာကုတင်ပေါ်မှာ လဲလျောင်းနေတဲ့အမေ စကားမပြောတတ်တော့ဘူး။ ရုတ်တရက် သွေးတိုးပြီး အမေလေဖြတ်ခဲ့တယ်။ မေ့မြောနေတဲ့အမေ့ ပါးပြင်တွန့်တွန့်တွေကို သူပွတ်သပ်ကြည့်နေမိတယ်။ သူ့မျက်ရည်တွေက အမေ့ကိုယ်ပေါ်၊ အမေ့မျက်နှာပေါ် အဆက်မပြတ်စီးကျခဲ့တယ်။ အမေ့အသံကို သူကြားချင်လိုက်တာ… စူးရှသေးငယ်ပြီး ဆူဆဲတဲ့အသံပဲဖြစ်ဖြစ် သူကြားချင်နေမိတယ်။ ဒါပေမယ့် အမေ့အသံကို သူကြားခွင့်မရခဲ့တော့ဘူး။

နောက်တစ်နေ့ နေ့လယ်ခင်းမှာ မေ့မြောရာကနေ မောင်လေးနဲ့သူ့ကို ထားပြီး အမေတိတ်တိတ်လေး ထွက်ခွာသွားခဲ့တယ်။

အမေဆုံးပြီးတစ်လအကြာမှာ အမေကျန်ရစ်တဲ့ပစ္စည်းတွေကို သူသိမ်းနေခဲ့တယ်။ သေတ္တာတစ်ခုထဲကနေ အိမ်နေစီးဖိနပ်တစ်ရံကို သူတွေ့လိုက်တယ်။ ဖိနပ်က အဝါဖျော့ရောင်သိုးမွှေးနဲ့ ချုပ်ထားပြီး ဖိနပ်အောက်ခံကို အမေက ခပ်ထူထူလေး လုပ်ထားပေးတယ်။ အရင်က ဒီလိုဖိနပ်မျိုးကို သူ့အတွက် အမေလုပ်ပေးခဲ့ဖူးတယ်။ ဖိနပ်ကပျော့အိပြီး စီးလို့ကောင်းပေမယ့် လမ်းလျှောက်လိုက်ရင် ဖိနပ်အောက်ခံကြောင့် အသံအရမ်းမြည်လို့ တစ်ရက်နှစ်ရက်စီးပြီး တစ်နေရာမှာ သူပစ်ထားခဲ့မိတယ်။

အခုတော့ အဲဒီဖိနပ်ကို ကောက်ယူစီးပြီး တစ်အိမ်လုံးအနှံ့ သူလမ်းလျှောက်ကြည့်မိတယ်။ “တပ်.. တပ်.. တပ်”နဲ့ မြည်နေတဲ့ဖိနပ်သံကို သူအကျယ်ကြီး ကြားလိုက်ရတယ်။ ဖိနပ်သံတွေကြားမှာ သူငိုကြွေးမိပြန်တယ်။ ဒါဟာ သူ့အတွက် အမေထားခဲ့တဲ့ နောက်ဆုံးအသံလေးပဲဖြစ်တယ်။




တိုင်ဝမ်မှာဖြစ်တဲ့ပုံပြင်လေးတစ်ခုပါ။
Vivian အဆိုတော်မလေးတစ်ယောက်ပါ။အေ့ကျင့်နဲ့တစ်နှစ်စာချုပ်ထားတော့အေ့ဂျင့်သွားခိုင်းတဲ့ဒေသကိုသွားဆိုရတယ်လေ။တည်းခိုခန်းကလဲစီစဉ်ထားတဲ့နေရာတည်းရတယ်။
ဆောင်းကုန်ခါနီးတော်တော်များများနယ်တွေမှာကန်တော့ပွဲလုပ်ကြတယ်။တည်းခိုခန်းမှဆယ်မိနှစ်လောက်နဲ့ရောက်နိုင်တဲ့မြို့၎လေးမြို့ငါးရက်ဆက်တိုက်စတိတ်ရိုးတက်ဆိုရမှာဆိုတော့တည်းခိုခန်းမန်နေဂျာကဟော်တည်အစွန်းဆုံးအခန်းမှာနေရာချပေးထားတယ်”ငါ့တူမအေးအေးဆေးဆေးနားလို့ရအောင်အန်ကယ်ဒီအခန်းကိုစီစဉ်ထားတာ။လိုတာရှိရင်ကောင်တာကိုဖုန်းဆက်နော်”
 
Vivianအခန်းဖွင့်ဝင်ရင်းပါးစပ်က”ကန်တော့နော်၊ဝမ်းစာအတွက်လာပြီးနေထိုင်တာအနေင့်အရှက်ဖြစ်ရင်တောင်းပန်ပါတယ်”ပြောရင်းထုံးစံအတိုင်းအဝတ်အစားတွေကိုဘီဒိုထဲထည့်နေစဉ်ရေချိုးခန်းထဲမှရေသံကြားသဖြင့်ရေချိုးခန်းတံခါးဖွင့်ကြည့်တော့ရေသံရပ်သွားပြီးရေချိုးခန်းထဲလဲချေက်သွေ့နေတော့ဘေးအခန်းကအသံနေမှာပါလို့တွေးပြီးအလုပ်မသွားခင်အိပ်ဖို့ခုတင်ဖက်ခြေလှမ်းစဉ်ဝရန်တာဖက်မှအရိပ်မဲဖြတ်သွားတာကိုမျက်လုံးထောင့်မှမြင်လိုက်ရလို့ရင်ထဲမှာထိတ်ကနဲ့ဖြစ်သွားပြီးဝရန်တာမှာလူဝင်နေသလားဟူ့တွေးပြီးကောင်တာကိုဖုန်းဆက်လိုက်တော့ကောင်မလေးနှစ်ယောက်အခန်းပေါက်ဝကနေ
 
“အမဘာကူညီပေးရမှာလဲ”
“ဝရန်တာမှာလူဝင်နေတယ်”
“မဖြစ်နိုင်တာအမရယ်ဝရန်တာကသံပန်းးကာထားတာလူမဝင်နိုင်ပါဘူး”
“ညီမတို့ဝင်ပြီးကြည့်ပေးပါလား”
“ဟုတ်ကဲ့အမ”
သုံးရောက်သားဝရန်တာဘက်ထွက်လိုက်စဉ်ကြောင်တစ်ကောင်ပြေးသွားတာမြင်လိုက်တော့
“အမ ကြောင်ပါ။ဘာကူညီစရာလိုပါသေးလဲ”
“မလိုတော့ပါဘူးကျေးဇူပါ”
အဲဒါနဲ့အိပ်ယာပေါ်လှဲလိုက်တာမှေးကနဲ့အိပ်ပျော်သွားတယ်။သီချင်းသံကြားလို့သေသေချာချာနားထောင်ကြည့်တော့မိန်းမလေးအသံ
 
“မင်းနဲ့ငါကြောချင်းကပ်နေပြီးရင်ခုံသံမကြားရပါကွယ်”
ဒီစာသားကိုဘဲထပ်ခါတလဲဆိုနေတယ်။အိပ်ယာနိုးလာတဲ့အထိနားထဲမှာဝဲနေတယ်။အေးဂျင့်စတိတ်ရိုးတ်ဖို့လာကြိုလို့မိတ်ကပ်မြန်မြန်လူးပြီးလိုက်သွားတယ်။
နောက်နေ့မနက်နှစ်နာရီထိုးပြီမှတည်းခိုခန်းပြန်ရောက်တော့မိတ်ကပ်ဖျက်ပြီအရင်အိပ်ဖို့ဆုံးဖြတ်ပြီးအိပ်ယာထဲလှဲလိုက်တယ်။မနေ့ကလိုဘဲသီချင်းသံကြားရပြန်တယ်။
 
 ကောင်တာကိုဖုန်းဆက်ပြီးဘေးခန်းကလူကိုသီချင်းမဆိုဖို့ပြောပေးပါဆိုတော့
အမအခန်းဘေးနှစ်ဖက်မှာလူမနေဘူး
ဘယ်အခန်းကဆိုတာလဲအိပ်ရတာအနေင့်အရှက်ဖြစ်တယ်နားဆို့ပိတ်ပြီးအိပ်တာလဲသီချင်းသံကကြားရတုန်းဘဲ့ဒီလိုနဲ့နောက်ဆုံးရက်ရောက်တော့အိမ်မက်ထဲမှာကောင်မလေးတစ်ယောက်(မျက်နှာကောင်းကောင်းမမြင်ရဘူး)အဲဒီသီချင်းဆိုပြီးအိပ်ယာဘေးရောက်လာတယ်
 
“မမ ကမနက်ဖြန်ဆိုပြန်တော့မှာညီမကိုအိပ်ယာအောက်ကထုတ်ပေးသွားပါအုံး”
အိပ်ယာကလန့်နိုးလာတော့ကောင်တာကိုကိုယ်တိုင်ဆင်းပြီးမန်နေဂျာကိုပြောပြတော့
“မဖြစ်နိုင်တာငါ့တူမရယ်။ဦးတို့ဟော်တည်မှာလူမသေဘူးဖူး”
“နေ့တိုင်းသီချင်းသံကြားတယ်။ဒီနေ့အိမ်မက်လာပေးတာကုတင်အောက်မှာတဲ့”
 
“ကဲကဲ တူမကြီးကျေနပ်အောင်လိုက်ကြည့်ပေးမယ်”
မန်နေဂျာနှင့်ကောင်လေးတစ်ယောက်အခန်းထဲလိုက်လာပြီးကုတင်လှန်လိုက်တော့မိန်းကလေးအလောင်းတစ်လောင်းတွေ့လိုက်ကြတယ်
ရဲတွေရောက်လာပြီးစစ်ဆေးတော့ညှဥ့်ငှက်မလေးတစ်ယောက်တဲ့
Vivianလဲကြောက်ဖျားဖျားပြီးအဲ့ဒီညသီချင်းသွားမဆိုနိုင်ခဲ့ဘူး။









★ အိပ်ရာမဝင်ခင် ရေသောက်ပါ ။
 
သွေးထဲမှာ ၇၀% က ရေဖြစ်တာမို့ ခန္ဓာကိုယ်က ရေလိုအပ်တဲ့အခါသွေး များက အနှစ်ဖြစ်သွားခြင်း၊ စေးကပ်သွားတာမို့သွေးစီးဆင်းခြင်းကိုထိခိုက်စေခြင်း၊ သွေးပေါင်တိုးခြင်း၊ သွေးကြောကျဉ်းစေတယ် ။အိပ်နေတဲ့အခါ ကိုယ်ခန္ဓာကသဘာဝအလျှောက်အသက်ရှူတတ်ခြင်း၊ချွေးထွက်ခြင်း အစရှိသောရေတို့
ကိုထုတ်လွှတ်ပါတယ် ။ Harvard University လေ့လာချက်အရ မနက် ၆~၉နာရီ မှာ နှလုံးကြွက်သားပုပ်ခြင်း (MI ) ၊ လေဖြတ်တတ်ခြင်း (embolic stroke)ဖြစ်တတ်ပါတယ် ။

တချို့သူတွေကတရေးနိုးအပေါ့သွားရတာ အိပ်ရေးပျက်မှာစိုးရိမ်ခြင်း၊ အသက်ကြီးသူများ လိမ့်ကျမှာကိုစိုးရိမ်ခြင်း၊အကြောင်းကြောင်းကြောင့်
(ကျောက်ကပ်ကျောက်တည်သူမှလွဲလို့)အိပ်ရာမဝင်ခင်တစ်နာရီ~နှစ်နာရီ အလိုမှာရေသောက်ပါ ။ အိပ်ရာထထချင်း ချက်ချင်းရေသောက်ပါက
သွေးကြောပိတ်ခြင်းကိုကာကွယ်ပေးပါတယ် ။
ရေပူစမ်းတွင်ရေပူမစိမ်မှီ ရေအရင်သောက်ထားတာကအကောင်းဆုံးပါ ၊
ရေပူစိမ်ခြင်းကချွေးအများဆုံးထွက်ပြီး ၊ အပုချိန်မြင့်မားတဲ့အခါ သွေးများက
စေးကပ်တာမို့နှလုံးသွေးကြောရဲ့ဖိအား ပိုလာပါတယ် ။
 
★အိပ်ရာထထချင်း ရေသောက်ပါက ဝမ်းချုပ်ခြင်းကိုမွမ်းမံပေးပါတယ် ။
မနက် ရေတစ်ခွက်သောက်တာ က အူ အစာအိမ်လှုပ်ရှားမှုကိုအထောက်အကူပြု ပြီး ဝမ်းချုပ်ခြင်းကိုတိုးတက်ကောင်းမွန်စေပါတယ် ။ မအိပ်ခင်အိပ်ရာဘေးမှာ ရေတစ်ခွက်အရင်ထားထားပြီး အိပ်ရာနိုးလာတာနဲ့ချက်ချင်းသောက်ရင်ပိုပြီးအကျိုးသက်ရောက်ပါတယ် ။
 
*** ခန္ဓာကိုယ်လှဲနေရာမှထထိုင်တဲ့အခါ အူပာာထလာတဲ့တုံပြန်မှုကြောင့် စတင်လှုပ်ရှားလာပါတယ် ။အဲဒီအချိန်မှာ ချက်ချင်း ရေ ၅၀၀စီစီသောက်ရင်ပိုကောင်းပါတယ် ။
ရိုးရိုးရေထက် ရေနွေးနွေးက အူမလှုပ်ရှားမှုကိုနိုးဆွပေးနိင်ပါတယ် ။
ရေက(အခန်းအပုချိန်တူ ) ထက်အေးလျှင် အူမလှုပ်ရှားမှုကိုပာန့်တားစေတယ် ။
 
*** ရေနွေး(သို့)သောက် ရေထဲတွင်ဆားထည့်ပြီးသောက်ရင်ဝမ်းအတွက်ကောင်းတယ်ဆိုတာခိုင်လုံတဲ့သက်သေမရှိပါ ။ အိပ်ပျော်နေချိန်မှာကိုယ်ခန္ဓာမှရေတွေသုံးကုန်ပြီးမို့
ဆားရေသောက်ရင်ပိုပြီးရေဆာလာပါလိမ့်မယ် ။ မနက်စောစောမှာသွေးပေါင်ကအမြင့်မှာရှိတတ်တာမို့သွေးတိုးရှိသူများ
ရေနွေးသောက်တာအသင့်တော်ဆုံးပါ ။
 
★ အားကစားမလုပ်ခင် ရေအရင်သောက်ပါထုးခြားပြောင်မြောက်စွမ်းဆောင်နိင်တယ် ။
လုအများစုပာာ အားကစားလေ့ကျင့်ခန်းလုပ်ပြီးမှရေသောက်တာများပါတယ် ။
အားကစားလေ့ကျင့်ခန်းမလုပ်ခင်ရေသောက်တာအကောင်းဆုံးပါ ။
ဘာကြောင့်လဲဆိုတော့ အားကစားလုပ်ခြင်းကကြွက်သား လေ့ကျင့်ခန်း
လုပ်ပေးခြင်း၊ သွေးလည်ပတ်မှုကိုတိုးစေခြင်း၊သွေးထဲမှရေများကိုလုံလောက်စွာဖြည့်စည်းပေးခြင်း၊ အားကစားလုပ်မှသွေးလည်ပတ်တာပိုမိုချောမောပြေပြစ်လာတာပါ ။
ကြွက်သားနှင့်ဆဲလ်များကိုလုံလောက်သောအောက်ဆီဂျင်နှင့်အာပာာရဓာတ်များကိုပန့်ပိုးမှုကြောင့်အားကစားလုပ်ရာတွင် အလွယ်တကူမမောပန်းနိင်ပါ ။
အပူရှပ်တတ်ခြင်းမဖြစ်နိင်ပါ
 
★အရက်သောက်တဲ့အခါမှာလည်း ရေများများသောက်ပါ ။
ဘီယာသောက်တာ အေးမြသွားပြီး ရေသောက်နေတယ်လို့မထင်ပါနဲ့ ။ အရက်ပျံ မှာဆီးရွှင်စေတဲ့ စွမ်းအားရှိတာမို့အရက်သောက်ပြီးအိမ်သာခဏခဏသွားရတာပါ ။
သောက်တာနည်းပြီးထွက်တာများနေရင်တော့တခြားနေရာမှရေများကို
စုပ်ယုထုတ်သွားတာဖြစ်ပါတယ် ။ အရက်ပျံ က သွေးကြောတွေကိုကျယ်ပြန့်စေတယ် ။ 
 
ကိုယ်အပူချိန်ကိုမြင့်စေတယ်တာမို့ လွယ်ကူစွာဦးနှောက်နဲ့ခန္ဓာကိုယ်မှာ
ရေမလုံလောက်ဘုးဖြစ်နေတတ်ပါတယ် ။ ဒါကြောင့်မို့အရက်သောက်ရင်းရေများများသောက်ခြင်းဖြင့်
ရေကိုဖြည့်ဆည်းမှအသားရေခြောက်ကပ်ခြင်း ရေငတ်ခြင်းတို့မဖြစ်နိင်တဲ့အပြင်
နောက်နေ့ခေါင်းကိုက်ခြင်းမဖြစ်တတ်ပါ ။ရေနွေးကြမ်း ၊ ကော်ဖီ ၊ ကိုလာ များကို နေ့တိုင်းလိုအပ်တဲ့ရေ ထဲတွင်ထည့်မတွက်ရပါ ။ ကော်ဖီဓါတ်ပါသောအချိုရည်များ၊
မြင့်မားသောပိုတက်ဆီယမ်ဓါတ် ၊ လိမ္မော်ရှောက်စသောအချဉ်ဓါတ် တို့တွင် ဆီးရွှင်စေသောစွမ်းအားရှိတာမို့ ခန္ဓာကိုယ်ထဲမှပိုနေသောရေများကိုထုတ်ပစ်နိင်တယ် ။သစ်သီးဖျော်ရည်နှင့်နွားနို့က အစားအစာလို့တွက်ချက်ယုရပါတယ် ။
အဲဒါတွေကိုသောက်ပြီးနောက်အစာအိမ်က အဆီနှင့်သကြားကို စွမ်းအားယုပြီးအစာခြေချက်ရပါတယ် ။ ဗိုက်ထဲမှာအစာမရှိပဲလဖက်ရည်
ကော်ဖီသောက်ရင်အစာအိမ်ကိုထိခိုက်နိင်ပါတယ် ။
 
★စိတ်ဆန္ဒစော(သို့)ပင်ပန်းတဲ့အခါ ရေသောက်ပါက ချက်ချင်းလန်းဆန်းနိင်ပါတယ်
ခန္ဓာကိုယ်ကရေလိုအပ်တဲ့အခါ စိတ်ထက်သန်၊ ရေငတ် ၊လျှာ နုတ်ခမ်းများနီလာခြင်း၊
ခြေလက်များပူလာခြင်း၊ ဝမ်းချုပ်ခြင်းများဖြစ်တတ်ပါတယ် ။ ရုတ်တရက်ပင်ပန်း ၊စိတ်တိုဒေါသထွက်ခြင်း၊ ကိုယ်နဲ့စိတ်မကပ်ခြင်း ။ခေါင်းလေးနေခြင်း
၊ခေါင်းမူးနေခြင်းတို့သည်ရေလိုအပ်တဲ့လက္ခဏာဖြစ်ပါတယ် ။

*** တရက်လျှင်ရေ ၂၀၀၀ စီစီသောက်မှလုံလောက်ပါတယ် ။ တချို့သူတွေအတွက် ရေ ကိုသောက်လို့မကောင်းဘုး ၊ရေသောက်ရမှာကိုကြောက်ကြတယ် ။ ဘာကြောင့်လဲဆိုတော့ရေကိုပို့ဆောင်မှုနှင့် ကြေချက်မှု အလုပ်လုပ်မှုက
နှေးတာမို့ရေတစ်ခွက်သောက်တာနဲ့ဗိုက်ပြည့်ပြီးနေရခက်တယ်လို့ထင်ကြပါတယ် ။ ရေကိုသောက်တာမကောင်းဘုးလို့ထင်တဲ့သူပာာ အစာအိမ်သရက်ရွှက်အလုပ်လုပ်တာမကောင်းဘုးလို့ယူဆရတာမို့
ဆေးခန်းပြ စစ်ဆေးသင့်ပါတယ် ။
 
★ ရေကို ညကျမှကြိုချက် ရင် ရေရဲ့ quality ကပိုကောင်းတယ် ။ တနေ့လုံး ရေတွေသုံးထားတော့ ရေပိုက်လုံးကသန့်ရှင်းနေတာမို့ရေရဲ့
အမျိုးအစားကပိုကောင်းပါတယ်။ မနက်စောစောရေကြိုရင်ညတစ်ညလုံးပိုက်ထဲမှာမို့ညစ်ပတ်နိင်
အမှိုက်များပါနိင်ပါတယ် ။
 
*** ရေသန့်စင်ရာတွင်သုံးသောကလိုရင်းဒြပ်က
ဗပိာုအာရုံကြောဖွဲ့စည်းမှုစံနစ်ကို(trihalomethanes)ထိခိုက်စေတာမို့
ရေကိုဆူအောင်တည်ပါ ။အပူချိန်၁၀၀ဒီဂရီရောက်တဲ့အခါ အဖုံးကိုဖွင့်ပြီး၃~၅ မိနစ်လောက်ပိုတည်လိုက်ပါ ။ဒါမှရေထဲကtrihalomethanesဆိုတာကိုဖယ်ရှားနိင်တယ် ။ ရေထဲတွင်လွန်ကဲသောခဲသတ္တူ ဓာတ်ပါမပါ ဆိုတာမသိရတာမို့ရေစစ်ကရိယာများသုံးနိင်ရင်ပိုကောင်းပါတယ်။
{ မီးလာချိန် ရေလာချိန်မမှန်တဲ့နေရာမှာတော့ ရတဲ့အချိန်ကရေကိုကြိုချက်ဖြစ်အောင်ကြိုချက်သောက်သုံးပါ)
 
★ ရေအလုပ်ကြီးကြီးသောက်တာ ရေမသောက်တာနဲ့အတူတူပါ ။
ရေသောက်တဲ့အခါ ရေအလုပ်သေးသောက်ဖို့မမေ့ပါနဲ့ ။
ချွေးဘယ်လောက်များများထွက်ထွက် ရေသောက်တဲ့အခါ ရေအလုပ်သေးသေး ( နည်းနည်းစီ) သောက်ပါ ၊
ရေကိုတခါတည်းများများသောက်တဲ့အခါကျောက်ကပ်က ရေသိပ်များလာတဲ့ သတိပေးချက်ကိုရလာတဲ့အခါ ဆီးမြန်မြန်သွားဖို့အရှိန်နူန်းပိုလာပါတယ် ။ ရေတွေကိုချက်ချင်းထုတ်လိုက်တာမို့
ရေကိုအချိန်မှီကိုယ်ခန္ဓာရဲ့အခြားနေရာများသို့မပို့ပေးနိင်ပါ ။
ရေမြန်မြန်သောက်ရင်လေပွတတ်ပါတယ် ။
 
★ပုလင်းထဲမှာရေထည့်လျှင် ဘက်တီးရီးယားပိုးတွယ်တတ်ပါတယ် ။
ပုလင်းများ ပလတ်စတစ်ဘုးများဖြင့်ထည့်ထားသောအချိုရည် ၊ ရေသန့် ဘုးများက အဖုံးဖွင့်ပြီးတာနဲ့ဘက်တီးရီးယားပိုးတွယ်တတ်တာမို့ပါးစပ်နဲ့ပုလင်း၊ဘုးအဝကိုမထိတွေ့ပဲသောက်ပါ ။ နောက်ပြီးအဲဒီဘုးပုလင်းတွေကို ထပ်တလဲလဲပြန်မသုံးသင့်ပါ ။ ပလတ်စတစ်ဘုးကနေလှန်းမိလျှင်ပလတ်စတစ်ဘူးထဲမှဓာတုဓာတ်များကရေထဲတွင်ပျော်ဝင်သွားတတ်ပါတယ် ။
 
***သွားလေရာ ကိုယ်ပိုင်ရေဘုး (steel )ယုဆောင်တာကအကောင်းဆုံးပါ ။
ချစ်ခင်လေးစားရသောသူငယ်ချင်းတို့.....လုတိုင်း နေ့တိုင်းရေသောက်ကြတယ် ။ ရေကိုဘယ်အချိန်မှာသောက်ရင် ဘာအကျိုးရှိလဲဆိုတာသိထားရင်ပိုကောင်းတာပေါ့ ။

ရေသောက်နည်းလမ်းမှန်ဖို့လည်းလိုအပ်တယ် ။လွယ်လွယ်ကူကူနဲ့အချက်တိုတိုလေးတွေပဲရေးချင်ပေမယ့်
အားလုံးနားလည်အောင်တချက်ချင်းစီရှင်းပြချက်တွေကများတာမို့စိတ်ရှည်ရှည်ထားပြီး ပြီးဆုံးအောင်ဖတ်စေချင်ပါတယ် ။
သူငယ်ချင်းများအားလုံးကျန်းမာပါစေ~~~ 



မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်း မြင်ချင်ပါသလား?


                    


၁) မနှိုင်းနဲ့

"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက် ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာ တတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြား မိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့် ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူး စကားတွေထက် ပိုတန်ဖိုးပါတယ်။

၂) လျှစ်လျှူမရှူနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက် လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်း အားငယ်တဲ့အခါ လက်ကို တင်းတင်း ဆုပ်ကိုင်ပြီး အကြင်နာ ငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက် နှုတ်ဆက်မယ်။ အဲဒီလို ကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေ အတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေ နိုင်ပါတယ်။

၃) မျက်နှာထား မပြနဲ့

မိန်းကလေး တစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ် စိတ်ချလက်ချ အလုပ်လုပ် နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် " မိန်းမရေ.. ပင်ပန်းနေပြီလား" နဲ့ " မပင်ပန်း ပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ" ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကား တစ်ချပ်လိုပါပဲ လူကို ကြည်နူး စေပါတယ်။

၎) ပြိုင်ကြတယ်


ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေ လောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်း ရှေ့မှာလည်း ကိုယ်ဟာ မိန်းမကို ဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။

၅)သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ် ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြား တတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှု ခံစားပေးပါ။

၆) မရိုက်နဲ့

မိန်းကလေး တစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကို တကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။

၇) နူးညံ့ပါ

မိန်းကလေး တစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင် ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်း လုံခြုံတယ်လို့ ထင်တတ် ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျား တစ်ယောက်ကို ရင်ဆိုင်ဖို့
လက်နက် ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျား တစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏုမြူပဲ ဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ် ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေး တစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက် ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက် တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသား ဖြစ်နေလို့ပါပဲ။

၈) မိသားစုဟာ ပထမ


ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေး အတွက်ဆိုရင် ကိုယ်ချစ်တဲ့ သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉) ယောက္ခမ ဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါ ကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမ တွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထား ကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့ တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်း လာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ် ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစား ပါလိမ့်မယ်။

၁ဝ) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တို နိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့ မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့ အကြည့်က လှတဲ့ ပစ္စည်းတစ်ခု၊ ပန်းချီကား တစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။

မိန်းကလေးဖက် ကနေ ဝင်ရောက်ခံစား တတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံး ဖြစ်တဲ့အတွက် သူ့ကို နားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။
အသိ တခု တိုးပွားကြပါစေ ...........


ဆီးချို ပျောက်တဲ့နည်းတဲ့



                      
မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါဇူလိုင်လ ၂၃ ရက် ၂၀၁၃အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ 

အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။... ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။ခါးတာကတော့ ရက်စက်တယ်။ 

အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ 

ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။တူသောအကျိုး ခံစားရပါစေ။

ရက်ရာဇာ နေ့မှာ ငရုတ်သီးစားလျှင် စပ်မှာ သေချာသလို ၊ပြဿဒါး နေ့မှာ ထန်းလျှက်စားလျှင်လဲ ချိုမှာ အသေအချာပါပဲ။ သင် ကောင်းတာလုပ်၍ ကောင်းမှူပြုနေသော အချိန်ဟာ ရက်ရာဇာ= ကေင်းသောနေ့ ၊အကောင်းဆုံးအချိန်ပါ။ ထိုအတူ သင် မကောင်းတာလုပ်၍ မကောင်းမှူပြုနေသော အချိန်ဟာ ပြဿဒါး= မကေင်းသောနေ့ ၊အဆိုးဆုံးအချိန်ပါ။
 


ဖိနပ်လေးတစ်ရန်က ပေးတဲ့ သင်ခန်းစာ



ဖိနပ်ဆိုဒ်ကို အမြဲလိုလို နံပါတ် 38 ပဲ စီးလေ့ရှိတဲ့ ကျွန်မဟာ တစ်ရက်တော့ ဈေးပတ်ရင်း ဆိုင်တစ်ခုမှာ ဖိနပ်တစ်ရန်ကိုတွေ့တော့ အရမ်းကြိုက်သွားပါတယ်။
ကျွန်မကြိုက်တဲ့ ဒေါက်မနိမ့်မမြင့်လေးရယ်၊ အရောင်ဆန်းဆန်းလေးနဲ့ ဒီဇိုင်းထွင်ထားတဲ့ ကြိုးသိုင်းဒေါက်ဖိနပ်လေးကို ကိုင်ရင်းလက်ထဲက မချချင်လောက်အောင်ကို ဖြစ်သွားခဲ့ရပါတယ်။

ဒါနဲ့ပဲ စိတ်ပိုင်းဖြတ်ပြီး ၀ယ်ကိုဝယ်လိုက်တော့မယ်ဆိုပြီး ဆိုင်က၀န်ထမ်းကို ၀တ်နေကျဖြစ်တဲ့ နံပါတ် 38 ရှာခိုင်းလိုက်ပါတယ်။ ကံဆိုးချင်တော့ ခုလက်ထဲမှာ ကိုင်ထားတဲ့ဖိနပ်လေးက ဆိုင်မှာကျန်တဲ့ တစ်ရန်တည်းသော နံပတ် 37 ဖြစ်နေပါတယ်။ အခြားဆိုဒ်တွေ အကုန်လုံးက ရောင်းလို့ကုန်ပါတဲ့။
စိတ်ထဲမှာကလည်း အရမ်းလိုချင်ပေမဲ့ ကိုယ်နဲ့သေးနေတဲ့ ဆိုဒ်ဆိုတော့ အဆင်မပြေဘူးဆိုပြီး စင်ပေါ်ပြန်တင်လိုက်မိပါတယ်။
ဒါပေမဲ့ ဆိုင်က၀န်ထမ်းကောင်မလေးက အစ်မရယ် တဖြည်းဖြည်းစီးရင်းနဲ့ ချောင်သွားတဲ့အခါ တော်သွားမှာပေါ့ ဆိုတဲ့စကားလေးကြောင့် နဂိုကတည်းက ဒီဖိနပ်လေးကိုလည်း အရမ်းကြိုက်ပြီး အရမ်းလိုချင်နေတဲ့ကျွန်မ ဘာမှထပ်မစဉ်းစားတော့ပဲ ၀ယ်လာလိုက်ပါတော့တယ်။

ဖိနပ်လေးစစီးခါစ ပထမအပတ်မှာ တော်တော်လေး ဒဏ်ခံလိုက်ရပါတယ်။ ဖိနပ်ကဆိုဒ်နည်းနည်းသေးနေတာ့ စီးရင်းနဲ့ ခြေသိုင်းကြိုးနားလေးတွေမှာ ပွန်းတဲ့ဒဏ်လေးတွေနဲ့ ရေကြည်ဖုလေးတွေတောင် ထလာပါတယ်။
လမ်းလျှောက်တိုင်းနာနေပေမဲ့ ကိုယ်အရမ်းကြိုက်တဲ့ဖိနပ်လေးကလည်း ဖြစ်ပြန် သူငယ်ချင်းတွေက အရမ်းလိုက်တာပဲ၊ လှလိုက်တာဆိုတဲ့ စကားလေးတွေက ကျွန်မရဲ့ခြေထောက်အနာတွေ နာနေတဲ့ အရှိန်လေးတောင် မေ့ပျောက်စေနိုင်ရလောက်အောင်ကို စွမ်းခဲ့ပါတယ်။

ဒုတိယအပတ်လောက်မှာ ဖိနပ်စီးပြီး လမ်းလျှောက်တဲ့အခါ သိပ်မနာတော့ပေမဲ့ ။ လမ်းလျှောက်ရတာ အဆင်အပြေကြီး မဟုတ်သေးပါဘူး။ နည်းနည်းကျပ်နေတဲ့အတွက် လိုရာခရီးကိုရောက်ဖို့ ပိုကြာနေသလိုခံစားရပါတယ်။ ကြိုက်နေတော့လည်း စီးဖြစ်နေပေမဲ့ နေ့တိုင်းနီးပါးတော့ မစီးဖြစ်တော့ပါဘူး ။

တစ်လလောက်အကြာမှာတော့ လမ်းလျှောက်တဲ့အခါ ပွန်းတာပဲ့တာလည်း မရှိတော့သလို ရေကြည်ဖုလည်း မထတော့ပါဘူး ။ အရင်ကနာခဲ့တဲ့နေရာလေးတွေမှာ အသားမာလေးတွေဖြစ်ကုန်တော့ တော်ရုံနဲ့လည်း မနာတော့ပါဘူး။

တစ်ရက် အပြင်သွားဖို့ အ၀တ်စားတွေဝတ်ပြီးတဲ့အခါ ဖိနပ်ဗီဒိုလေးကိုဖွင့်ကြည့်ရင်း အရမ်းကြိုက်တဲ့ နံပါတ် 37 ကိုထုတ်ပြီး စီးဖို့ပြင်လိုက်တဲ့အခါ ဖိနပ်လေးကို ကြည့်လိုက်တော့ အရင်လောက် အရောင်အသွေးမတောက်ပတော့တာကို တွေ့လိုက်ရပါတယ်။
ကြိုးသိုင်းတွေကလည်း အနည်းငယ်ကားထွက်နေပြီး ပုံကနည်းနည်းပျက်နေပါပြီ။ သဲကြိုးတွေမှာလဲ အတင်းဆွဲဆန့်ထားရသလိုဖြစ်တဲ့အတွက် သားရေတွေကလည်း အက်ကွဲကြောင်းတွေလည်း နည်းနည်းပေါ်လာပါပြီ။

ဖိနပ်လေးကို ကိုင်ထားရင်း တစ်လကျော်ကျော်လောက် ဒီဖိနပ်စီးရင်း ခံလိုက်ရတဲ့ ဒုက္ခတွေကို ပြန်တွေးမိလိုက်တဲ့အခါ ရင်ထဲမှာတောင် စို့သွားရပါတယ်။ အရမ်းကြိုက်လို့ မတော်ပေမဲ့ ခြေထောက်အနာခံပြီး စီးခဲ့တာ ခုတော့ ဒီဖိနပ်လေးက ပျက်စီးစပြုနေပါပြီ။

ကိုယ့်ရဲ့ ဆိုဒ်အမှန်ကိုရခဲ့ရင်တော့ ဖိနပ်ကဒီလောက်ထိ အပျက်စီးမြန်မာလဲ မဟုတ်လောက်ဘူး ဆိုပြီး တွေးမိပြီး စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ တကယ်လို့ သူနဲ့တော်တဲ့ သူဝယ်သွားခဲ့ရင်လည်း ဒီလိုဖြစ်မှာမဟုတ်လောက်ဘူးပေါ့။

တကယ်လို့ အဲ့တုန်းက တခြားဒီဇိုင်းနဲ့ ကိုယ့်ခြေထောက်နဲ့ကိုက်တဲ့ နံပါတ် 38 တစ်ရန်ကို ၀ယ်ခဲ့မယ်ဆိုရင် ခုလိုခံစားရမှာမဟုတ်ပါဘူး။
တခြား နံပါတ် 38 က အခု နံပါတ် 37 လောက်မလှပေမဲ့ ကိုယ့်ရဲ့ခြေထောက်တွေကို နာကျင်ထိခိုက်စေမှာမဟုတ်သလို ကိုယ်သွားမဲ့ခရီးလမ်းကိုလည်း ပိုမိုမြန်ဆန်စွာ သွားရအောင် အထောက်အကူပြုမှာပါပဲ။

ဖိနပ်လေးကို ဘီဒိုထဲ အသာအယာပြန်ထည့်ရင်း နောက်ကိုဖိနပ်ဝယ်မယ်ဆိုရင် ဘယ်လောက်ပဲ လှနေပါစေ ကိုယ့်ခြေထောက်နဲ့ မတော်ဘူးဆိုရင် ဘယ်တော့မှ မ၀ယ်တော့ဘူလို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဒီနံပါတ် 37 ဆိုဒ် ဖိနပ်လေးကနေရလိုက်တဲ့ သင်ခန်းစာလေးဟာ ကျွန်မကို ဖိနပ်ရွေးချယ်တဲ့နေရာတင်မက အခြားနေရာတွေအတွက်ပါ အများကြီးအတွေးတွေ ပေါက်လာစေခဲ့ပါတယ်။

တစ်ခါတစ်လေကြရင် ကျွန်မတို့တွေ လူမှု့လောကမှာ ကြုံတွေ့နေရတဲ့ ကိစ္စတွေမှာလည်း ဒီအတိုင်းပါပဲ ။ ကြိုက်တာက ကြိုက်တာပါပဲ ၊ ဒါပေမဲ့ ကိုယ်နဲ့သင့်တော် ကိုက်ညီမှုရှိမရှိကိုတော့ အပြင်ပန်းလေ့လာရုံလောက်နဲ့ မပြည့်စုံသေးပါဘူး ။

ကြိုက်လွန်းလို့ ရွေးချယ်ပြီးမှာ နှစ်ဦးနှစ်ဖက် အထိနာကြတဲ့ အဖြစ်မျိုးလေးတွေလည်း ရှိနိုင်တာကိုပါ ဒီဖိနပ်လေးကိုအကြောင်းပြုပြီး တစ်ခါတည်း သဘောပေါက်စေခဲ့ပါတယ်။

ဖိနပ်လေးကတော့ ဖိနပ်လေးပါပဲ ။
ဒီပေါ်ကနေ ယူတတ်မယ်ဆိုရင် ထိုက်တန်တဲ့ သင်ခန်းစာလေးတစ်ခုတော့ ရလိုက်မှာပါပဲ။

စိတ်မကောင်းဘွယ်ရာသွေးကင်ဆာခံစားနေရသောဝေဒနာရှင်လေးကို တွေ့လိုက်ရပြီး ဒီနေ့ဖတ်မိခဲ့တဲ့ကင်ဆာနဲ့ ကညွှတ် ပတ်သက်နေပုံလေးကို စိတ်ဝင်စားမိခဲ့ပါတယ်… အပန်းမကြီးဘူးဆိုရင် လုပ်ကြည့်စေချင်ပါတယ်…ငွေအကုန်အကျလည်း သိပ်မများတာမို့ ဒီဆေးနည်းလေးကိုမူရင်းအတိုင်း မျှဝေ တင်ပေးလိုက်ပါတယ်.. မူရင်း….. Asparagus…..whether U believe it or not ဆိုတဲ့ခေါင်းစဉ်နဲ့မေလ်းတစ်ခုကို ကျွန်တော့် အကို တစ်ယောက်က ပို့လိုက်ပါတယ်။ သူလည်းသူများဆီက ရလို့ ကျွန်တော့်ဆီကို forward လုပ်လိုက်တာဖြစ်ပါတယ်။ သူခေါင်းစဉ်လိုဘဲ ကညွှတ်များတဲ့ ယုံခြင်ယုံမယုံခြင်နေ…ဟုတ်မဟုတ်တော့်မသိဘူး…ကိုယ်တိုင်လည်းမဆန်းဖူးလို့ပါ။ ဟိုးဖက်အစွန်ဆုံးကတော့ white asparagus (မြန်မာလိုမသိ)သူ့အတိုင်းဘာသာပြန်တော့ ကညွှတ်ဖြူပေါ့၊ အလယ်က green asparagus မြန်မာလို ကညွှတ် သူ့အတိုင်း ဆို ကညွှတ်စိမ်း ဒီဖက် အစွန်ဆုံးကတော့ wild asparagusသူတိုင်းဆို ကညွှတ်ရိုင်းဖြစ်ပါတယ်။ နှစ်ပေါင်းကတော့ နည်းနည်းကြာသွားပြီ လူတစ်ယောက်ကကင်ဆာဖြစ်နေတဲ့ သူ့သူငယ်ချင်းတစ်ယောက် အတွက်ကညွှတ်ပင်လိုက်ရှာနေတာ ကျွန်တော်တွေ့ခဲ့ဘူးတယ်။ပြီးတော့ ၁၉၇၉ ခုနှစ် ဒီဇင်လဘာထုတ်ကင်ဆာဂျာနယ်ကနေ မိတ္တူကူးထားတဲ့စာရွက်တစ်ရွက် ကျွန်တော့်ကို ပေးခဲ့တယ်။ စာရွက်ကအကြောင်းအရာကတော့ Asparagus for cancer (ကင်ဆာအတွက် ကညွှတ်များ)ဆိုတဲ့ အကြောင်းဘဲ ဖြစ်ပါတယ်။ ဝေမျှခြင်းသက်သက်သာဖြစ်ပါတယ်။ ကျွန်တော်ဟာ ဇီဝဓါတု ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်ဟာ Richard R.Vensal, D.D.S ရဲ့ ရှာဖွေချက်တွေကနေ ကညွှတ်ကနေ ကင်ဆာရောဂါကုသနည်းကို သင်ယူခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ သူရဲ့ပရောဂျက် လုပ်ငန်းတွေထဲမှာလဲ သူနှင့်အတူတကွ လုပ်ကိုင်ခဲ့သလို ကျွန်တော့မှာ စုဆောင်းထားတဲ့ ကညွှတ်ကနေ ကင်ဆာရောဂါ ကုသပျောက်ကင်းသွားတဲ့ အထောက်အထား အချက်အလက်တွေ တော်တော်များများရှိခဲ့ပါတယ် အဲ့ဒါတွေကတော့ ….. ၁/- လူတစ်ယောက်ဟာ သွေးကင်ဆာဖြစ်တာ မျှော်လင့်ချက် မဲ့လုနီးပါးဖြစ်နေပါပြီး ဗုံးဗုံးလဲ နေပြီဖြစ်ပါတယ်။ ကညွှတ်ကထုံးနဲ့ တစ်နှစ်ကုသအပြီးမှာတော့ ဆရာဝန် စစ်ဆေးကြည့်တာ ကင်ဆာရှိကြောင်းမပေါ်လာတော့ပါဘူး။ နောက်ဆုံး သူဟာပြန်ကောင်းသွားပါတယ်။ ၂/- အောင်မြင်နေတဲ့ အသက် ၆၈ နှစ်အရွယ် စီးပွားရေးသမားတစ်ယောက်ဟာ ဆီးကြိတ်တည်တဲ့ ကင်ဆာကို ခံစားနေရတာ ၁၆ နှစ်ရှိပြီဖြစ်ပါတယ်။ နှစ်တော်တော်ကြာကြာ ဆေးကုသခြင်း ဓါတ်ကင်ခြင်းတို့ ဖြင့်ကုသခြင်း ပြုခဲ့သော်လည်း တိုးတက်လာခြင်းမရှိပါဘူး။ နောက်ဆုံး၃လအတွင်းကညွှတ်ကုထုံးနဲ့ကုပြီးနောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ဆီးကြိတ်များဟာပျောက်သွားပြီး ကျောက်ကပ် နှစ်ခုဟာ ပုံမှန် ပြန်ဖြစ်နေတာ ဆေးစစ်တဲ့အဖြေမှာ တွေ့ခဲ့ရပါတယ်။ ၃/- လူတစ်ယောက်ဟာ အဆုတ်ကင်ဆာ ခံစားနေရပါတယ်။ ၁၉၇၁ မတ်လ ၅ရက်နေ့မှာကုသဖို့ ခွဲစိတ်ခဲ့ရာမှာတော့ ရောဂါဟာ အလွန်ရင့်ပြီးအမြစ်များဟာ တော်တော်ပြန့်နေတဲ့အတွက် ခွဲစိတ်လို့မရ ခဲ့ပါဘူး။ ခွဲစိတ်ဆရာဝန်ဟာ ပြန်ပြီးချူပ်ပေးခဲ့ကာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။ ဧပြီလ ၅ ရက်နေ့မှာတော့ ထိုလူနာဟာ ကညွှတ်ကုထုံးကို ကြားပြီး ချက်ချင်း ကုသမှု့ခံယူခဲ့ပါတယ်။ သြဂုတ်လမှာတော့ ဓါတ်မှန်သွားရိုက်ကြည့်တဲ့အခါမှ ကင်ဆာလက္ခဏာပြနေတာတွေဟာ ပျောက်ကွယ်သွားပြီး အရင်အတိုင်း အလုပ်ပြန်လည် လုပ်နိုင်ခဲ့ပါတယ်။ ပြုလုပ်နည်း….. ကညွှတ်ကို သစ်သီးဖျော်စက်ထဲထည့်ပြီး အရည်ဖြစ်ကြောင် ကြိတ်ပါ။ ထိုကညွှတ်ရည်ကို ရေခဲ့သေတ္တာထဲ ထည့်ပြီး လူနာအား တစ်ခါတိုက်လျှင် စတီးဇွန်းဖြင့် ၄ ဇွန်းကို မနက်တစ်ကြိမ် ညတစ်ကြိမ်တိုက်ပါ။

Copy and WIN : http://ow.ly/KNICZ

No comments:

Post a Comment